ကောလင်းမြို့
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် သစ်ဆိမ့်ကုန်းကျေးရွာနှင့် တောင်မော်ရွာကြား ကောလင်းလမ်းပိုင်းတစ်နေရာတွင် ယနေ့မွန်းလွှဲ ၃နာရီခွဲခန့်က စစ်ကောင်စီတပ်၏ စစ်ကား နှစ်စီးမိုင်းခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးနှင့်အထက် သေဆုံးကြောင်း သိရသည်။

ကောင်လင်းမြို့နယ်၊ ဖလဲကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးခန့် စီးနှင်လာသည့် စစ်ကားနှစ်စီးကို သစ်ဆိမ့်ကုန်းကျေးရွာနှင့် တောင်မော်ရွာကြား၌ ကောလင်း (ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) PDF က မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးအထက်သေဆုံးခဲ့သည်ဟု ဖြစ်စဉ်နှင့် နီးစပ်သူတစ်ဦးက The 74 Media ကိုပြောသည်။
“ခွဲတာက တစ်ပြိုင်တည်း ၄လုံး တွဲရက်ဆိုတော့ ကားကနှစ်စီးစလုံးတည်ပြီး မိလိုက်တာ စကစ ၄၀ ပါတယ်။ ၂၀ ကျော်သေတယ်” ဟုပြောသည်။
ဖလဲကျေးရွာတွင် ယမန်နေ့ည ၉ နာရီဝန်းကျင်၌ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ပြည်သူတစ်ဦးသေဆုံးခဲ့ရသည်။
ကောလင်းမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ယာဉ်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့၌လည်း ကောလင်း PDF တို့က မိုင်းခွဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ