မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ ညောင်ကုန်းအောက်ရွာတွင် ယမန်နေ့ ညနေပိုင်းက အသက် ငါးနှစ်အရွယ် မိန်းကလေးတစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရကြောင်း သိရသည်။
သတ်ဖြတ်ခံခဲ့ရသည့် ကလေးငယ်သည် အဝတ်အစားအပြည့်အစုံမပါဘဲ သေဆုံးနေကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သင်္ချိုင်းကုန်းနားမှာ ပစ်သွားတာပါ၊ ကလေးက အောက်ပိုင်းအဝတ်အစားမပါတော့ဘူး ခေါင်းကိုလည်း ခဲနဲ့ထုသတ်ထားပုံပဲ ကလေးလေးက မုဒိန်းလုပ်ခံထားရတယ်”ဟုပြောသည်။
သတ်ဖြတ်ခံခဲ့ရသည့် ကလေးမှာ မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှ ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင် တရားခံဟု သံသယရှိသူတစ်ဦးအား ရဲတပ်ဖွဲ့များက ဖမ်းဆီးခေါ်ဆောင်သွားပြီဖြစ်ကြောင်း နောက်ထပ် ဒေသခံတစ်ဦးကပြောသည်။
“ခု လက်ရှိ သူ့ကို ရဲကခေါ်သွားပြီရှင့်။ တရားခံက အဲ့အိမ်ပြောင်းလာတာ တစ်လကျော်ပဲရှိသေးတယ်။ အခုက စစ်တုန်းဆိုပေမယ့် ကလေးကို သူခေါ်သွားတာကို မြင်တဲ့သူရှိတယ်” ဟု ပြောသည်။
မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူများသည် တရားခံ သုံးဦးဖြစ်ကြောင်း ကလေးမိသားစုနှင့် နီးစပ်သူများက ပြောဆိုနေကြသည်။
ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသူသည် မူးယစ်ဆေးဝါးသုံးစွဲသူဖြစ်ပြီး မကြာခဏ ထောင်ကျဖူးသူဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။
သင့်ထင်မြင်ချက်ရေးပေးပါ