ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ ခ.လ.ရ (၅၈)တွင် ယနေ့ မွန်းလွဲ တစ်နာရီ အချိန်မှစ၍ လက်နက်ကြီးနှင့်သေနတ် ပစ်ခတ်သံများကြားရကြောင်းသိရသည်။
ခ.လ.ရ (၅၈) တပ်တွင် လက်နက်ကြီး၊ သေနတ်သံများ နှစ်ဖက်ပစ်ခတ်သံများကြားရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးကThe 74Mediaကိုပြောသည်။
“စစ်ဖြစ်နေသလိုပဲ။ ခုဘဲပစ်နေတာ လက်နက်ငယ်ရော အကြီးရော ဆိုးတယ် ခုထိမနားသေးဘူး။ လက်နက်ကြီးဘဲမဟုတ်ဘူးဗုံးသံရောပါနေတယ်။ နှစ်ဖက်ထင်တယ်” ဟုသူကပြောသည်။
ဝိုင်းမော် မြို့ ခ.လ.ရ (၅၈)တွင် ဩဂုတ် ၂၄ရက် ညကလည်းလက်နက်ကြီးများ ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်။
သင့်ထင်မြင်ချက်ရေးပေးပါ