ကချင်ပြည်နယ်၊ ဟိုပင်မြို့ရှိ သဲဂုဏ်ကျေးရွာအနီးတွင် ယနေ့မွန်းတည့် ၁၂ နာရီခန့်က အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရသည်ဟု သိရသည်။
သေနတ်ပစ်ခံရသော အမျိုးသမီးမှာ ဈေးမှပြန်စဉ် ဆိုင်ကယ်သမားနှစ်ဦးက ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက The 74 Media ကိုပြောသည်။
“သဲဂုဏ်ရွာကနေ ဟိုပင်စျေးသွားပြီး အပြန်မှာ ပစ်ခံလိုက်ရတာ။ ဆိုင်ကယ်သမားနှစ်ယောက်။ ဘယ်သူတွေလဲတော့ သေချာမသိဘူးဗျ။ ညာဘက် နားရွက်အထက် နဲ့ ဘယ်ရင်အုံမှာ နှစ်ချက် စုစုပေါင်း သေနတ်သုံးချက်ထိတယ်”ဟု ပြောသည်။
ပစ်သတ်ခံရသူ အဆိုပါ အမျိုးသမီးအား စစ်ကောင်စီတပ်ဖွဲ့ဝင် ရဲများက ဆေးရုံသို့ သယ်ဆောင်သွားကြောင်း သူကဆက်ပြောသည်။
သေဆုံးသွားသော အမျိုးသမီးသည် အသက် ၃၇ နှစ်အရွယ် ဒေါ်မိမာဝင်းဖြစ်ပြီး အိမ်ဆိုင်ဖွင့်ထားသူတစ်ဖြစ်ကြောင်း သိရသည်။
ဟိုပင်မြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့က ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးမှူးအား ဆိုင်ကယ်သမားနှစ်ဦးက သေနတ်ဖြင့်ပစ်သတ်မှုဖြစ်ပွားခဲ့သည်။
=============
လွတ်လပ်တဲ့သတင်းမီဒီယာအဖြစ် ဆက်လက်ရပ်တည်နိုင်ရန် နည်းများမဆိုလှူဒါန်းနိုင်ပါတယ်။ လှူဒါန်းလိုတယ်ဆိုရင် ဒီလင့်ခ်ကို နှိပ်ပါ – https://bit.ly/3vPLY7e