ဖားကန့်မြို့၊ လုံးခင်းကျေးရွာတွင် ယမန်နေ့နံနက် ၈ နာရီခန့်က ပိုင်ရှင်မဲ့အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့ကြောင်း သိရသည်။

သေဆုံးနေသူ၏ ရုပ်အလောင်းကို လုံးခင်းကျေးရွာ ရပ်ကွက် ၂ တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးကြောင်း ရပ်ကွက်နေ ကျောက်အရောင်းအဝယ်ပြုလုပ်သူ အမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။

“ဆေးသမားဟုတ်တယ်။ ရှော့ခ်ဖြစ်ပြီး သေတာ။ ပိုင်ရှင်ကိုဆက်သွယ် ပေးနေတယ်။ မပေါ်လာသေးဘူးပေါ့။ အဲ့မှာက ဆေးသမားတွေပေါတယ်လေ” ဟုပြောသည်။

လက်ရှိ ရုပ်အလောင်းကို လုံးခင်းသုသာန်တွင်ထားရှိပြီး ပိုင်ရှင်မပေါ်သေးသောကြောင်း လုံးခင်း သင်္ဂဟ လူမှုကူညီရေးအသင်းမှ အဖွဲဝင်တစ်ဦးကပြောသည်။

“သတ်မှတ်ထားတဲ့အချိန်ထိတော့ စောင့်တာပေါ့။ ဒါပေမဲ့ ပိုင်ရှင်မပေါ်လာလို့ အခုထိ မီးမသင်္ဂြိုဟ်ပေးရသေးဘူး။ မူးယစ်ဆေးက မသုံးတာအကောင်းဆုံးပါ” ဟုပြောသည်။

သေဆုံးသူမှာ အသက် ၅၀ ကျော်ခန့်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ အထွက်လမ်းတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ကလည်း ကျောတွင် ဓါးထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသားတစ်ဦး ရုပ်အလောင်းတွေ့ရှိခဲ့သည်။

သတင်း – Pe Ti

သင့်ထင်မြင်ချက်ရေးပေးပါ