သိုင်းပေါင်းစုံ (MMA) ကချင်ကစားသမား အောင်လအင်ဆန် နှင့် တူရကီနိုင်ငံသားတစ်ဦးတို့ လာမည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ၊ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာ (Denver) မြို့ရှိ Ball Arena အားကစားရုံတွင် One 168 ခေါင်းစဉ်နှင့်ကျင်းပမည့်ပွဲစဉ်၏ မစ်ဒယ်ဝိတ်တန်းနေရာတွင် အောင်လအင်ဆန်က တူရကီနိုင်ငံသား ရှမေးလ်အာဒိုဂန် (Shamil Erdogan) နှင့် ယှဉ်ပြိုင်ထိုးသတ်သွားကြမည်ဖြစ်သည်။

အောင်လအင်ဆန် ယှဉ်ပြိုင်ထိုးသတ်ရမည့် တူရကီနိုင်ငံသား ရှမေးလ်အာဒိုဂန်မှာ အသက် ၃၃ နှစ်အရွယ်ရှိပြီး MMA ပွဲပေါင်း ၉ ပွဲထိုးသတ်ခဲ့ရာ ရှုံးပွဲမရှိစံချိန်တင်ထားသူဖြစ်သည်။

ရှမေးလ်အာဒိုဂန်မှာ One Championship တွင် ၂၀၂၃ ခုနှစ်အတွင်းကစတင်ဝင်ရောက်ထိုးသတ်ခဲ့ပြီး ထိုနှစ်ဇွန်လအတွင်းကျင်ပခဲ့သည့် One Friday Fights 22 ပွဲစဉ်တွင် တရုတ်ဖိုက်တာ ဖန်ရောင်း (Fan Rong) ကို ဒုတိယအချီတွင် အလှဲထိုးအနိုင်ယူခဲ့သူဖြစ်သည်။

အသက် ၃၉ နှစ်အရွယ် အောင်လအင်ဆန်မှာ MMA ပွဲပေါင်း ၄၈ ပွဲထိုးသတ်ထားပြီး ၃၀ ပွဲနိုင် ၁၈ ပွဲရှုံး စံချိန်ရရှိထားသူဖြစ်သည်။

One Championship MMA ဝိတ်တန်းနှစ်ခု၏ ချိန်ပီယံဖြစ်ခဲ့သူ အောင်လအင်ဆန်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ပြိုင်ပွဲများတွင် ချန်ပီယံဆုနှစ်ခုဖြစ်သည့် လိုက်ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ခါးပစ်နှစ်ခုစုံးကို ဆုံးရှုံးထားသည်။

အောင်လအင်ဆန်၏ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်းပွဲစဉ်များအနက် ဇန်နဝါရီလတွင် ဘရာဇီးနိုင်ငံသား ဂီဗာတိုဂါဘာအိုကို အလှဲထိုးအနိုင်ယူခဲ့ပြီး နောက်ဆုံးထိုးသတ်ခဲ့သည့် One Fight Night 10 ပွဲစဉ်တွင်လည်း တရုတ်ဖိုက်တာ ဖန်ရောင်ကို အနိုင်ရရှိထားသူဖြစ်သည်။

သတင်း – Thu Ta

သင့်ထင်မြင်ချက်ရေးပေးပါ