မြစ်ကြီးနားမြိုတွင် ယမန်နေ့နံနက်အစောပိုင်းမှစတင်ကာ ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် ရေကြီးရေလျှံမှုဖြစ်ခဲ့စဉ် နေရာအချိုတွင် ပိတ်မိနေသော ပြည်သူအများအပြား ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။

ဘာသာရေးအသင်းအဖွဲများနှင့် လူမှုကယ်ဆယ်ရေးအသင်းများ ဝိုင်းဝန်းကယ်ဆယ်သဖြင့် လွတ်မြောက်လာကြပြီး ရေပြန်ကျသဖြင့် အချိုမိမိဖာသာထွက်ခွာလာနိုင်သည်ဟု စီတာပူရပ်ကွက်ဒေသခံတစ်ဦီးက The 74 Media ကိုပြောသည်။

“မနေ့ညကနေ ဝိုင်းကယ်ထုတ်ကြတာ၊ ဒီမနက်လည်း ၉ နာရီလောက်ကပြန်စပြီး ကယ်ထုတ်တာ။ အားလုံးပူးပေါင်းပြီး ကယ်ကြတာဟုတ်တယ်” ဟုဆိုသည်။

စီတာပူရပ်ကွက်တွင်ပိတ်မိရာမှ လွတ်မြောက်လာသူ ရာဂဏန်းရှိနိုင်သည်ဟု သူကဆက်ပြောသည်။

“မနေ့ညကနေ အခုထိ (နေ့လယ် ၁ နာရီ) ဆို ရာဂဏန်းရှိနိုင်တယ်။ တချိုက ရေကျသွားလို ကိုယ့်ဖာသာလျှောက်နိုင်တဲ့သူက လျှောက်ခဲ့ကြတာပေါ့။ ဗိုက်ကြီးသည်တွေ ကလေးတွေကိုကျတော့ စက်လှေနဲ့ ကယ်ထုတ်ရတာပေါ့” ဟုဆိုသည်။

မြစ်ကြီးနားမြိုတွင် ယမန်နေ့ညက ဧရာဝတီမြစ်ရေစံချိန်တင်မြင့်တက်ခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရေပြန်ကျသွားခဲ့ ခြင်းဖြစ်သည်။

စစ်ကောင်စီပြည်နယ်ဥက္ကဌက ယနေ့နံနက်ပိုင်းတွင် ရေဘေးကြုံနေရသူများထံ စက်လှေဖြင့် သွားရောက်ရန် ပြင်ဆင်နေသည်ကိုတွေ့ရကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦးက ပြောသည်။

“ဦးခက်ထိန်နန် ဒီမနက် ၈ နာရီလောက်မှာ စက်လှေနဲ့သွားဖိုလုပ်တာတွေ့တယ်။ သွား ဖြစ်လားတော့ မသိဘူး။ လူပဲပါတာပါ၊ တခြားပစ္စည်းတွေတော့ မတွေ့ခဲ့ဘူး။ သူသွားမယ့်စက်လှေတောင် ကူမခဲ့ရ သေးတယ်။” ဟု ဆိုသည်။

လယ်ကုန်းရပ်ကွက်တွင် ပိတ်မိနေသည့်ပြည်သူများလည်း ရေပြန်ကျသဖြင့် လွတ်မြောက်လာသူများရှိသလို ဘုန်းကြီးကျောင်းများတွင် တိမ်းရှောင်နေသူအချိုလည်း မိမိအိမ်သိုပြန်ကြပြီဟု လယ်ကုန်းဒေသခံတစ်ဦးက ပြောသည်။

“ရေပြန်ကျသွားလို တချိုလွတ်လာတယ်။ ဓမ္မပါလကျောင်းတိုက်မှာ ရှောင်နေတဲ့သူတချိုလည်း ရေကျတဲ့သူက ပြန်ပြီ။ လယ်ကုန်းမှာက အိမ်တွေမြုပ်နေတဲ့သူတွေရှိသေးလို ရေကျပေမဲ့ အကူအညီလိုတဲ့သူတွေရှိသေးတယ်” ဟု ဆိုသည်။

မြစ်ကြီးနားမြို ဧရာဝတီမြစ်ရေမှာ ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့ညမှစတင်ကာ စိုးရိမ်ရေမှတ်ကျော်လွန်ကာ မြိုအတွင်းရှိ ရပ်ကွက်များမှ သုံးပုံနှစ်ပုံခန့်ကို ရေဝင်ရောက်ခဲ့သည်။

ယမန်နေ့ညက မြစ်ရေမှာ ၁၄၀၄ စင်တီမီတာအထိမြင့်တက်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်းတွင် နှစ်ပေခွဲခန့်ဘျော့ကျသွားခြင်းဖြစ်သည်။

 

သတင်း – Hkashi

ဓာတ်ပုံ – ပေးပို

သင့်ထင်မြင်ချက်ရေးပေးပါ