ဇွန်လတစ်လအတွင်း တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ဗိုလ်မှူး၊ ဗိုလ်ကြီးများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သားနှင့် ရဲ စုစုပေါင်း ၄၃ ဦး လက်နက်နှင့်အတူအလင်းဝင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ညကသတင်းထုတ်ပြန်ခဲ့သည်။

အလင်းဝင်ရောက်ခဲ့သူများမှာ ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦးနှင့် ဒုရဲမှူးတစ်ဦးတို့ပါဝင်ပြီး သေနတ်မျိုးစုံ ၁၈ လက်နှင့် ခဲယမ်းများဖြင့် အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအလင်းဝင်လာသူများကို NUG ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။

ထိုစစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) တပ်ရင်း၊ တပ်ဖွဲ့များထံ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အလင်းဝင်လိုသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်တယ်လီဂရမ် @MyanmarPeople၊ နီးစပ်ရာ PDF၊ ပကဖများနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို ဆက်သွယ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် NUG MOD ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

သတင်း – Dureng
ဓာတ်ပုံ – Ministry of Defence – National Unity Government of Myanmar

သင့်ထင်မြင်ချက်ရေးပေးပါ