ဆွမ်ပီယန်ဒေသခံများ၏ အိမ်မွေးတိရိစ္ဆာန်များနှင့် အဖိုးတန်ပစ္စည်းများကို စစ်ကောင်စီတပ်က ခိုးယူနေ

ဒေသခံပြည်သူများ စစ်ရှောင်နေသည့် ဆွမ်ပီယန်ကျေးရွာရှိ ဒေသခံများ၏ အိမ်မွေးတိရစ္ဆာန်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက သတ်ဖြတ်စားသောက်ပြီး နေအိမ်များရှိ ပစ္စည်းများကို ခိုးယူသယ်ထုတ်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကြောင့် အင်းတော်ဒေသခံတစ်ဦးသေဆုံး

စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သောကြောင့် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နားခါးကျေးရွာမှ ဒေသခံပြည်သူအမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဖားကန့်တွင် စစ်ကောင်စီစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးအထိနာ

ဖားကန့်မြို့ ဆိပ်မူကျေးရွာအနီးတွင် ယနေ့ နံနက် ၄ နာရီခန့်က KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ သေဆုံးခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အင်းတော်တွင် ၁၇ ဦးသေ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်ရှိ စစ်ကောင်စီကတပ်စွဲထားသည့် ဘုန်းကြီးကျောင်းကို လေကြောင်းမှ မှားယွင်းဗုံးကြဲခဲ့သောကြောင့် လူသားဒိုင်းအဖြစ်ဖမ်းဆီးခံထားရသည့် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ၁၇ ဦးသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်းသုံးခုကို KIA တိုက်ခိုက်သိမ်းပိုက်

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီးအနောက်ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်း အဖွဲ့က တိုက်ခိုက်သိမ်းယူလိုက်ပြီဖြစ်ကြောင်းသိရသည်။

ကျောင်းသားမိဘများနှင့် အချေအတင်ဖြစ်ခဲ့ရသည့် ကွတ်ခိုင်မြို့နယ်မှကျောင်းကို TNLA ချိတ်ပိတ်

ကျောင်းဖွင့်နိုင်ရေးအတွက် အချေအတင်ဖြစ်ပွားခဲ့သည့် ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာရှိ စာသင်ကျောင်းကို ယမန်နေ့ည ၉ နာရီခွဲခန့်က TNLA တပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့်ရောက်ရှိလာပြီး ချိတ်ပိတ်သွားကြောင်း သိရသည်။

ဝိုင်းမော်တွင် ဆေးရုံသို့ပို့ဆောင်စဉ်သေဆုံးသွားသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းကို လာရောက်ယူဆောင်သူမရှိသေး၊ ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ရန်စီစဉ်နေ

ဝိုင်းမော်မြို့နယ်ရှိ ငှက်ပျောခြံတွင် အလုပ်လုပ်ကိုင်သူဟုယူဆရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းတစ်လောင်းကို ပိုင်ရှင်မဲ့အလောင်းအဖြစ် ဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ကမ်းပါးပြိုသဖြင့် ဖားကန့်တွင် တစ်ပတ်အတွင်း ရေမဆေးသမားအချို့သေဆုံး

ယခုတစ်ပါတ်အတွင်း ဖားကန့်မြို့နယ်တွင် ကမ်းပါးပြိုကျသောကြောင့် ရေမဆေးသမားအချို့ သေဆုံးခဲ့ကြောင်း သိရသည်။

ခေါင်လန်ဖူးတွင် စားနပ်ရိက္ခာပြတ်လတ်နေပြီး ထမင်းအစား အူလိုင်စားနေရသည်ဟုဆို

တောင်ပြိုသောကြောင့် လမ်းပိတ်နေသဖြင့် ရိက္ခာပြတ်နေသည့် ခေါင်လန်ဖူးဒေသခံအချို့ ထမင်းအစား ဒေသထွက်အစားအစာများကို အစားထိုးစားသုံးနေရကြောင်း သိရသည်။

အင်းတော်ကြီးဒေသရှိ စစ်ကောင်စီတပ်စခန်းကို KIA ပူးပေါင်းတပ်က ထိုးစစ်ဆင်

မိုးညှင်းမြို့နယ်၊ အင်းတော်ကြီး အနောက်ဘက်ကမ်းရှိ ကျေးရွာ ၃ ရွာမှ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းအဖွဲ့က ယနေ့ နံနက် ၅ နာရီခန့်မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း...

ပူတာအိုတွင် ကုန်တင်ကားများဝင်ရောက်လာသော်လည်း ကုန်ဈေးနှုန်းသိသိသာသာကျသွားခြင်းမရှိ​၊ ကုန်ကားအများအပြားဆက်လက် ဝင်ရောက်ရန်လိုသည်ဟုဆို

ပူတာအိုခရိုင်သို့ ဆီတင်ကားများနှင့် ကုန်တင်ကားများရောက်လာသော်လည်း အခြေခံစားသောက်ကုန်စည်များ ဈေးနှုန်းသိသာစွာ လျော့ကျခြင်းမရှိသေးကြောင်း သိရသည်။

ပန်ဝါသတ္တုလုပ်ကွက်မြေပြိုမှုတွင် သေဆုံးသူ ၁၈ ဦး၏ ရုပ်အလောင်းကို တွေ့ရှိထား၊ ကျန်ရှိရုပ်အလောင်းများ ဆက်လက်ရှာဖွေနေ

ပန်ဝါမြို့အနီး ယမန်နေ့ကပြိုကျခဲ့သည့် မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းခွင်တွင် ပျောက်ဆုံးနေသူများမှ ၁၈ ဦး၏ ရုပ်အလောင်းကို တွေ့ရှိထားပြီဖြစ်ကြောင်း သိရသည်။