စစ်ကောင်စီတပ်က ပစ်ခတ်သည့်လက်နက်ကြီးကြောင့် ဝိုင်းမော်မြို့နယ်တွင် ခြံလုပ်သားတစ်ဦးသေဆုံး၊ ဒေသခံအချို့လည်း ဖမ်းဆီးခံရ
စစ်ကောင်စီတပ်က ရမ်းသမ်းပစ်ခတ်သည့်လက်နက်ကြီးကြောင့် ယမန်နေ့ည ၉ နာရီခွဲခန့်တွင် ဝိုင်းမော်မြို့နယ်၊ နန့်ဝါတိုက်နယ်အတွင်းရှိ ခြံလုပ်သားတစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများ ဝမ်းပျက်ဝမ်းလျှောရောဂါအဖြစ်များနေ
ဝိုင်းမော်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများအကြား ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားမှုများနေပြီး ရောဂါကြောင့် အားပြတ်ကာသတိမေ့လဲသူများလည်းရှိကြောင်း သိရသည်။
PDF ဘဏ်ဓားပြတိုက်သည်ဟု စစ်ကောင်စီတပ်က လုပ်ဇာတ်ဖန်တီးပြီး ဝါဒဖြန့်
စစ်ကိုင်းမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဘဏ်ဓားပြတိုက်သည်ဟု စစ်ကောင်စီတပ်က သတင်းထုတ်ပြန်ခဲ့သော်လည်း အဆိုပါအဖွဲ့အမည်မှာ စစ်ကိုင်းမြို့တွင်မရှိကြောင်း သိရသည်။
ဝိုင်းမော်-ဝါးရှောင်လမ်းတွင် တိုက်ပွဲများမကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီတပ် ထိခိုက်ကျဆုံးမှုများသည်ဟုဆို
ဝိုင်းမော် – ဝါးရှောင်လမ်းပေါ်တွင် ယခုရက်ပိုင်း KIA ပူပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားနေပြီး ဆက်လက်စစ်ရေးတင်းမာနေကြောင်း သိရသည်။
ပန်ဝါတွင် မြေရှားတွင်းတစ်ခုပြိုပြီး လူ ၃၀ ထက်မနည်းပျောက်ဆုံးနေ၊ မိုးဆက်ရွာနေသဖြင့် ကယ်ဆယ်ရေးလုပ်ရန် ခက်ခဲနေသည်ဟုဆို
ချီဖွေမြို့နယ်၊ ပန်ဝါမြို့အနီးတွင် ယနေ့နံနက် ၁ နာရီခန့်က မြေရှာသတ္တုတူးဖော်ရေးလုပ်ကွက်တစ်ခု မြေပြိုကျရာ လူ ၃၀ ထက်မနည်းပျောက်ဆုံးနေကြောင်း သိရသည်။
ပူတာအိုတွင် ဖုန်းလိုင်းအားလုံးပြတ်တောက်နေ၊ CDMA ဖုန်းလိုင်းတစ်ခုသာကောင်းသော်လည်း ဖုန်းကတ်ဝယ်မရဖြစ်နေသည်ဟုဆို
ပူတာအိုခရိုင်အတွင်း ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများအားလုံးပြတ်တောက်နေပြီး လိုင်းရရှိသော ဖုန်းကတ်များလည်း ဝယ်ယူရန်ခက်ခဲနေသောကြောင်း ဒေသခံများထံကသိရသည်။
စစ်ကောင်စီအခြေခံပညာကျောင်းများတွင် တက်ရောက်နေသူများ၏ မိဘများကို ရွှေကူ KPDF က ကြိမ်ဒဏ်နှင့် ငွေဒဏ်ပေးပြီး အရေးယူ
စစ်ကောင်စီလက်အောက်ခံအခြေခံပညာကျောင်းတွင်တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသားများ၏ မိဘများကို ရွှေကူ KPDF က ခေါ်ယူအပြစ်ပေးအရေးယူမှုများရှိနေကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်မှ စစ်ရှောင်ကျောင်းသားကျောင်းသူများ ကျောင်းဝတ်စုံအကူအညီလိုအပ်နေ
အဖြူအစိမ်းမဝတ်သည့်ကျောင်းသားများကို ဒဏ်ကြေးကောက်ခံနေသောကြောင့် အင်ဂန်းကျေးရွာရှိ စစ်ရှောင်စခန်းမှ စစ်ရှောင်ကလေးများ ကျောင်းဝတ်စုံအကူအညီလိုအပ်နေကြောင်း သိရသည်။
တိုက်ပွဲများကြောင့် မံစီနှင့်မိုးမောက်မြို့တစ်ဝက်ခန့် ပျက်စီး၊ စစ်ကောင်စီတပ်၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဖြစ်သည်ဟုဆို
စစ်ကောင်စီနှင့် KIA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲများပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သည့် မိုးမောက်နှင့် မံစီမြို့တွင် ပျက်စီးဆုံးရှုံးမှုအများအပြားရှိခဲ့ပြီး တိုက်ပွဲများလျော့နည်းသွားသော်လည်း ဒေသခံများကို အကန့်သတ်ဖြင့်သာ ဝင်ထွက်သွားလာခွင့်ပြုထားကြောင်းသိရသည်။
တိုက်ပွဲပြင်းထန်ခဲ့သောဝိုင်းမော်မြို့နယ်တွင် တစ်လအတွင်း ပြည်သူ ၁၀ ဦးခန့်သေဆုံး၊ အများအပြားထိခိုက်ဒဏ်ရာရ
စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ ဝိုင်းမော်မြို့နယ်တွင် တိုက်ပွဲပြင်းထန်ခဲ့သောတစ်လအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူ ကိုးဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အကျဲနှင့်ဖရော ရွာချင်းဆက်လမ်းကို စစ်ကောင်စီတပ်က မြောင်းတူးဖျက်ဆီးခဲ့ပြီးနောက် ထိတွေ့တိုက်ပွဲဖြစ်ပွား
မြစ်ကြီးနားမြို့မှ ဟိုကပ်ရေကြည်သို့သွားသောလမ်းကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ကျင်းတူးကာ ဖြတ်သန်းသွားလာမရအောင် ဖျက်ဆီးခဲ့ပြီးနောက် ယနေ့နေ့လယ်ပိုင်းက ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖားကန့်တွင် ကမ်းပါးပြိုကျသဖြင့် ရေမဆေးသမားတစ်ဦးသေဆုံး
မိုးရွာသွန်းမှုကြောင့် ယမန်နေ့ နေ့လယ် ၁၂ နာရီခန့်က ဖားကန့်မြို့၊ အေးမြသာယာအုပ်စု၊ တောင်ပြိုကျေးရွာအနီး ရေမဆေးကျောက်ရှာသူတစ်ဦး ကမ်းပါးပေါ်မှပြုတ်ကျသေဆုံးခဲ့ကြောင်း သိရသည်။