ဖားကန့်မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်း လူစုနေစဉ် ဖြိုခွင်းခံရ
ဖားကန့် မြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်စစ်ကြောင်းကို အေးမြသာယာရပ်ကွက်တွင် ယနေ့နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖြိုခွင်းခဲ့သည်ဟု သိရသည်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်တွင် တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်နေ
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ညနေ ၉ နာရီခွဲခန့်မှ စတင်ကာ တစ်အိမ်ဝင်တစ်အိမ်ထွက် ဧည့်စာရင်းစစ်နေကြောင်း သိရသည်။
ဝန်ကြီးဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေဖြင့် တရားစွဲထား
ကချင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး ဦးဇော်ဝင်းကို မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇ (၁) ဖြင့် တရားစွဲဆိုထားသည်ဟု သိရသည်။