ဟိုပင်မြို့နယ် သင်တန်းတက်သော ကျောင်းအုပ်များ၏ ဓာတ်ပုံများကို ကပ်ထား

ဟိုပင်မြို့သုဿန်ဇရပ်တွင် ဟိုပင်မြို့နယ်တွင်ပြုလုပ်သည့် သင်တန်းတွင် ပါဝင်တက်ရောက်သော ကျောင်းအုပ်များ၏ ဓာတ်ပုံများကို ကပ်ထားသည်ကို မြင်တွေ့ရသည်။  

မြစ်ကြီးနားမြို့ရမ်ပူသပိတ်ကို ထပ်မံဖြိုခွဲ

မြစ်ကြီးနားမြို့ရမ်ပူရပ်ကွက်ရှိ ဆန္ဒပြပြည်သူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့နေ့လယ် ၃း၄၅ အချိန်မှ စတင်ဖြိုခွဲနေသည်။

မြစ်ကြီးနားခရိုင်ပညာရေးရုံးအတွင်းနေထိုင်သောဝန်ထမ်းများ ရွှေ့ပြောင်း

ယမန်နေ့ မတ်လ ၂၈ ရက်နေ့ နေ့လယ်က မိုင်းကွဲသော မြစ်ကြီးနားခရိုင်ပညာရေးရုံးကို ညအချိန်၌ ခဲနှင့်ပစ်ပေါက်မှုများရှိသည့်အပြင် ရုံးဆိုင်းဘုတ်ကိုလည်း ဖျက်ဆီးခဲ့သဖြင့် ယခုနံနက်တွင် ရုံးအတွင်းနေထိုင်သည့် ဝန်ထမ်းများ ပြောင်းရွေ့သွားကြသည်။...

မြစ်ကြီးနားမြို့ ​အေး​စေတီသပိတ် ဖြိုခွင်းခံရပြီးနောက် မြင်ကွင်း

အဆိုပါ ​အေး​စေတီသပိတ် ဖြိုခွင်းခံရချိန်တွင်ကချင်ပြည်နယ်အ​ခြေစိုက်သတင်းဌာနများဖြစ်သည့် The 74 Media မှ သတင်း​ထောက် အမျိုးသမီးတစ်ဦးနှင့် Kachinwaves သတင်းဌာနမှ သတင်း​ထောက်အမျိုးသားတစ်ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။  

ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် အချို့ထိခိုက်ဒဏ်ရာရ

မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်တန်းတစ်လျှောက် ပစ်ခတ်မှုများကြောင့် ပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

The 74 Media မှ သတင်းထောက်တစ်ဦး ဖမ်းဆီးခံရ

မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက်တွင် ဆန္ဒပြသူများ၏ သတင်းရယူနေသည့် The 74 Media မှ အမျိုးသမီး သတင်းထောက်တစ်ဦးယနေ့နံနက် ၁၁ နာရီခွဲခန့်က ဖမ်းဆီးခံခဲ့ရသည်။