ရွှေကူမြို့၊ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လမ်းလျှောက်သပိတ်နှင့် ဆိုင်ကယ်သပိတ်ပြုလုပ်

ရွှေကူမြို့ရှိ ပြည်သူများသည် ဖိနှိပ်မှု ကြားမှ လမ်းလျှောက်သပိတ်နှင့် ဆိုင်ကယ်သပိတ်ပြုလုပ်ပြီး စစ်အာဏာရှင်ကိုဆန့်ကျင်ကြကြောင်း သိရသည်။

ဖားကန့်တွင် တစ်ဦးကျဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများ၏ အခြေအနေစိုးရိမ်ရ

ဖားကန့်တွင် ငြိမ်းချမ်းစွာဆန္ဒပြသူများကို သေနတ်ပစ်ခတ်ဖြိုခွဲခဲ့သဖြင့်ဦးခေါင်းပွင့်ထွက်ခဲ့သူသေဆုံးကာ သေနတ်ဒဏ်ရာရသူသုံးဦး၏ အခြေအနေစိုးရိမ်ရသည်ဟု သိရသည်။

ရဝမ်လူငယ်တစ်ဦး ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံး

ပူတာအိုဒေသခံ ရဝမ်လူငယ်တစ်ဦးဖြစ်သူ မောင်ထီဆန်ဝမ်ဖီထွန်းသည် ရန်ကုန်တိုင်း သင်္ကန်းကျွန်းမြို့နယ်တွင် ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရင်း ကျဆုံးခဲ့သည်။