မော်တော်ယာဥ်တစ်စီး လမ်းလည်ကျွန်းကို ဝင်တိုက်

မြစ်ကြီးနားမြို့၊ မြေမြင့်ရပ်ကွက် မိုင်တဲကွေ့ တွင် မတ်လ ၁၉ရက်​နေ့၊ ည၈နာရီခွဲအချိန်ခန့်က အသက်၃၀ခန့် အရွယ် အမျိုးသားတစ်ဦးမောင်းနှင်လာသော crown​မော်​တော်ယာဥ်သည် လမ်းဘေးပလက်ဖောင်းဝင်တိုက်မှုဖြစ်ပွားခဲ့​သော်လည်း ထိခိုက်ဒဏ်ရာရမရရှိ​ကြောင်းသိရသည်။  

မြစ်ကြီးနားမြို့၊ လမ်းဆုံများရှိ ယာဥ်ထိန်းရဲနား​နေ​ဆောင်များနှင့် ဓါတ်တိုင်များတွင် မတ်လ ၁၉ရက်​နေ့ ညပိုင်းက KIA ကို ​ထောက်ခံ​ကြောင်း၊ R2P ကိုကြိုဆို​ကြောင်း စာသားများကပ်ထားသည်ကို​တွေ့ရသည်။

မိုးညှင်းမြို့ ဆန္ဒပြပွဲများတွင် ဦးဆောင်သူဟုဆို​ကာ ပြည်သူ (၃၂)ဦး ဖမ်းဝရမ်းထုတ်ခံရ

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေး ဆန္ဒပြပွဲများကို ဖေဖော်ဝါရီလ လဆန်းပိုင်းမှစတင်ပြီး ယနေ့အထိ လှုပ်ရှားမှုများပြုလုပ်ခဲ့ရာတွင် ဦးဆောင်သူများဟုဆို​ကာ ပြည်သူ (၃၂)ဦးသည် ဖမ်းဝရမ်းထုတ်ထားခံရ​ကြောင်းသိရသည်။

မတ်လ ၁၉ ရက်နေ့ ည 7 နာရီခန့်က မြစ်ကြီးနားမြို့နယ်ရှိ အထက်တန်း‌ေကျာင်း ကျောင်းအုပ်များ စွမ်းရည်မြင့်သင်တန်း တက်ရောက်သောကြောင့် ဆရာကြီး၊ ဆရာမကြီးများအား လူမှုရေးပစ်ဒဏ်ပေးကြောင်း ပုံများကိုလာရောက်ကပ်ထားသည်ကိုတွေ့ရ

ရန်ကုန်ရောက်ကချင်လူငယ်များ အင်းစိန်ထောင်ရှေ့တွင် အခြေခံလိုအပ်ချက်အသုံးအဆောင်အချို့မျှဝေ

ရန်ကုန်ရောက်ကချင်လူငယ်များအဖွဲ့မှ အင်းစိန်ထောင်ရှေ့တွင် ထောင်ဝင်စာလာရောက်တွေ့ဆုံသူများအတွက် အခြေခံလိုအပ်ချက်အသုံးအဆောင်များကို လူ ၁၀၀ အတွက် ယနေ့ မျှဝေပေးခဲ့သည်ဟု သိရသည်။