ရွှေကူမြို့နယ်တက်ကြွလူငယ်များရဲ့ ရေပေါ်ပူဖောင်းသပိတ်

ကချင်ပြည်နယ် ရွှေကူမြို့နယ်တွင်းရှိ တက်ကြွလူငယ်များက မတ်လ ၁၉ ရက်နေ့တွင် ပြည်သူများ၏ ဆန္ဒတွေကို ပူဖောင်းပေါ်ချရေးပြီး ဧရာဝတီမြစ်လယ်အထိ လှေနဲ့သွားရောက်ကာ ပူပေါင်းများကို မြစ်ထဲ လွှတ်မျောခဲ့ပြီးစစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်းဆန္ဒဖော်ထုတ်ခဲ့ကြသည်။  

ဝိုင်းမော်တွင် ဖမ်းဆီးခံရသည့် ဆရာမနှစ်ဦးကို ပထမအကြိမ်ရုံးထုတ်စစ်ဆေး

ဝိုင်းမော်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြရင်း ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဖမ်းဆီးခံရသည့် ဆရာမနှစ်ဦးကို ယနေ့ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်ဟု သိရသည်။

စစ်မှန်သည့် ဖက်ဒရယ်စစ်တပ်ဖွဲ့စည်းမည်ဆိုပါက ကြိုဆိုမည်ဟု KIO ပြေ

မြန်မာနိုင်ငံတွင် စစ်မှန်သည့်ဖက်ဒရယ်စစ်တပ်တစ်ခုကို ဖွဲ့စည်းမည်ဆိုပါက ကြိုဆိုမည်ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) က ပြောကြားလိုက်သည်။

မတ်လ ၁၈ ရက်နေ့၊ ည ၁၁ နာရီခန့်က ကချင်ပြည်နယ်၊ မိုး‌​ကောင်းမြို့ ကျွန်းတောရပ်ကွက်တွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့သည် ဟု အဆိုပါရပ်ကွက်နေပြည်သူတစ်ဦးထံမှသိရသည်။

“တပ်စိတ်တစ်စိတ် ဒါမှမဟုတ် လှည့်ကင်းရဲတွေ၊ ကျွန်းတောရပ်ကွက်ထဲကိုဝင်ပစ်တာ” ဟုသူကပြောသည်။

ဆွမ်ပရာဘွမ်​ထွေအုပ်ရုံးမှ CDM ဝန်ထမ်း​များ၏ အုပ်ထိန်းသူများ ခေါ်ယူသတိ​ပေးခံရ

ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် CDM ပြုလုပ်​နေ​သော ​ထွေအုပ်ဝန်ထမ်းများ၏ အုပ်ထိန်းသူများကို မတ်လ ၁၇ရက်​​နေ့၊ နံနက် ၁၀နာရီအချိန်က မြို့နယ်အုပ်ချုပ်​​ရေးမှုးရုံးတွင်​ခေါ်ယူကာ ​သတိ​ပေးခံခဲ့ရ​ကြောင်းသိရသည်။