ဆိုင်သိမ်းပြီး အိမ်ပြန်လာစဉ် အဖမ်းခံရသည့် အမျိုးသမီးကို မိသားစုနှင့် တွေ့ခွင့်မပေး

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မတ်လ (၇)ရက်နေ့ နံနက်(၁၀)နာရီဝန်းကျင်တွင် စီတာပူဈေးမှ ဆိုင်သိမ်းပြီး အိမ်ပြန်ချိန် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည့်အမျိုးသမီးကို ၁၀ ရက်ကျော်ကြာသည့်တိုင် မိသားစုနှင့် တွေ့ခွင့်မပေးကြောင်းသိရသည်။

မြစ်ကြီးနားမြို့တွင်ပြုလုပ်သည့် ကျောင်းအုပ်ဆရာများ၏ မွမ်းမံသင်တန်းတွင် တက်ရောက်သူ ၄၀ ကျော်ရှိ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ အထက်တန်း၊ အလယ်တန်း ကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ၏ စွမ်းရည်မြှင့်သင်တန်းတွင် ပါဝင်တက်ရောက်နေသည့် ဆရာ၊ဆရာမ စုစုပေါင်း ၄၀ ကျော်ရှိသည်ဟု သိရသည်။

ဝန်ကြီးဦးနော်လီအတွက် အာမခံလျှောက်ထား

သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၂၉ ဖြင့် တရားစွဲဆိုခံရသည့် ကချင်ပြည်နယ်စည်ပင်ဝန်ကြီးဦးနော်လီကို ယနေ့ရုံးထုတ်ရန်စီစဉ်ထားသော်လည်း ရုံးမထုတ်ဖြစ်ခဲ့ဘဲ သူ့အတွက် အာမခံလျှောက်ထားဖြစ်ခဲ့သည်ဟု သိရသည်။

ဖားကန့်မြို့နယ်အတွင်းရှိ ယူမာကျေးရွာအနီးရှိ ဆိပ်မူသွားသည့် လမ်းမကြီးဘေး၊ တွင် ယနေ့နေ့လယ် ၁၂ နာရီခွဲခန့်က လက်လုပ်ရီမုမိုင်းတစ်လုံးပေါက်ကွဲခဲ့သည်ဟု သိရသည်။

မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံပြည်သူများ ထိခိုက်နစ်နာမှုမရှိဟု သိရသည်။  

ဆိုင်ကယ်စီးလာသူ လူငယ်၂ဦးအား ရဲတစ်ဦးက ဆန္ဒပြတာကနေ ပြန်ခဲ့တာလားဟု မေးကာ ရိုက်နှက်

ယနေ့နံနက် ဟိုပင်မြို့ မြို့မတောင်ရပ်ကွက်တွင် ဆိုင်ကယ်မောင်းနှင်လာသူ လူငယ်နှစ်ဦးအား ရဲများက ကားဖြင့်လိုက်လာပြီး ရပ်တန့်စေပြီး “ဆန္ဒပြတာကနေ ပြန်ခဲ့တာလားဟု”မေးမြန်းရာ မဟုတ်ကြောင်း အဆိုပါလူငယ်နှစ်ဦးမှ ဖြေကြားခဲ့ကြောင်း သိရသည်။