ဖားကန့်မြို့နယ်၊ နမ့်မှော်အနီးရှိ စစ်အာဏာကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းကို ကေအိုင်အေဝင်တိုက်

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ရှိ နမ့်မှော်အနီးရှိ စစ်အာဏာကောင်စီတပ်ဖွဲ့ဝင်များ၏ စခန်းကို ကေအိုင်အေက ယနေ့နံနက်ပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော်၏ တပ်မဟာ ၉ မှ ထုတ်ဝေသည်ဟုယူဆရသည့် စာတစ်စောင် လူမှုကွန်ရက်တွင် ပျံ့နှံ့နေ

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ၏ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိတပ်မဟာ ၉ က ထုတ်ပြန်သည်ဟု ယူဆရသည့် စာတစ်စောင်လူမှုကွန်ရက်တွင် ပျံ့နှံ့နေသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကေအိုင်အေစခန်းဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ်၊ ကားမိုင်းမြို့နယ်တွင် မတ်လ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကချင်လွတ်မြောက်ရေးတပ် (KIA) တပ်ဖွဲ့ရှိရာဘက်သို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်ဟု ဒေသခံများထံမှ သိရသည်။

မြစ်ကြီးနားတွင် ကိုဗစ်ကာကွယ်ဆေးထိုးသူတစ်ဦး သံသယဖြစ်ဖွယ်အခြေအနေဖြင့် သေဆုံ

မြစ်ကြီးနားတွင် ကိုဗစ်၁၉ ကာကွယ်ဆေးထိုးသူတစ်ဦး သံသယဖြစ်ဖွယ်အခြေအနေဖြင့် သေဆုံးသွားသည်ဟု သေဆုံးသူ၏ ဇနီးဖြစ်သူထံမှ သိရသည်။

ဖားကန့်မြို့ဆန္ဒပြပွဲတွင်ဖမ်းဆီးခံရသူများကို ယနေ့ရုံးထုတ်စစ်ဆေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် စစ်အာဏာရှင်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ရင်း ဖမ်းဆီးထိန်းသိမ်း ခံရသူများကို ယနေ့ မတ်လ ၁၇ ရက်တွင် ရုံးထုတ်ခဲ့ကြောင်း လိုက်ပါဆောင်ရွက်ပေးသူ ရှေ့နေထံမှ သိရသည်။