ကချင်ပြည်နယ်စည်ပင်ဝန်ကြီးဦးနော်လီကို ဘေးစီ ၂၉ ဖြင့် အမှုဖွင့်ထား၊ မနက်ဖြန် ရုံးထုတ်စစ်ဆေးမည်
ကချင်ပြည်နယ်စည်ပင်ဝန်ကြီးဦးနော်လီကို သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေပုဒ်မ (၂၉) ဖြင့် မတ်လ ၁၂ ရက်နေ့က အမှုဖွင့်လိုက်သည်ဟု သိရသည်။
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို ဘေးစီ ၂၅ ဖြင့် အမှုဖွင့်ထား
ကချင်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာခက်အောင်ကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဥပဒေပုဒ်မ (၂၅) ဖြင့် ယနေ့အမှုဖွင့်လိုက်သည်ဟု သိရသည်။
ပိုစတာနှင့်ဗီနိုင်းဆိုင်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများ မထုတ်လုပ်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားဆီးပိတ်ပင်
မြစ်ကြီးနားမြို့အတွင်းရှိ ပိုစတာနှင့် ဗီနိုင်းထုတ်လုပ်ရေးဆိုင်များတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး စာသားများ၊ ဗီနိုင်းများ ပုံနှိပ်ပေးခြင်း၊ ထုတ်ပေးခြင်းများ ထုတ်လုပ်ခြင်းမရှိရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တားဆီးပိတ်ပင်ထားသည်ဟု သိရသည်။
ရွာလုံးကျွတ် ထွက်ပြေးလာခဲ့ရသော ကျေးရွာ ၄ ရွာမှ ပြည်သူများ စစ်ရှောင်စခန်းပြန်ခွင့်ရ
မြစ်ကြီးနားမြို့၊ မြစ်ဆုံအထက်ဂွေထောင်တွင် စစ်အာဏာသိမ်းတပ်ဖွဲ့နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဖြစ်ပွားပြီး ယနေ့နံနက်မြစ်ဆုံ ကက်သလစ်ဘုရားကျောင်းတွင်ရောက်ရှိနေသော စစ်ရှောင်ပြည်သူများ ယနေ့ည ၉ နာရီတွင် စစ်ရှောင်စခန်းသို့ ပြန်လာနေပြီဖြစ်ကြောင်းသိရသည်။
ကေအိုင်အေနှင့် စစ်အာဏာသိမ်းကောင်စီတပ်ဖွဲ့ဝင်များ တိုက်ပွဲဆက်လက်ပြင်းထန်
မြစ်ကြီးနားမြို့၊ မြစ်ဆုံအထက်ဂွေထောင်ဘက်တွင် ယနေ့ည ၇ နာရီအချိန်မှ ယခုအချိန်ထိ စစ်အာဏာသိမ်းတပ်ဖွဲ့နှင့် ကေအိုင်အေတို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။
တိုက်ပွဲကြောင့် ကချင်ပြည်နယ်က ကျေးရွာ ၄ရွာ ရွာလုံးကျွတ် ထွက်ပြေးလာရ
ကချင်ပြည်နယ်၊ အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ဂွေထောင်ကျေးရွာ၊ တန်ဘောင်ယန်ကျေးရွာ၊ ပဆိစွတ်ကျေးရွာ နှင့် ဆနီဒူယန်ကျေးရွာအနီးတွင် တပ်မတော်နှင့် KIAအဖွဲ့တို့ မတ်လ ၁၅ ရက်နေ့ ညနေပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် အဆိုပါ...
ပူတာအိုတွင် လူငယ်ခြောက်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးရန် ရှာဖွေနေ
ပူတာအိုမြို့တွင် စစ်အာဏာရှင်စနစ်ဆန္ဒထုတ်ဖော်မှုကို ဦးဆောင်လှုံ့ဆော်သည်ဟု စစ်ကောင်စီတပ်ဖွဲ့များက ယူဆသည့် လူငယ် (၆) ဦးကို ဖမ်းဆီးရန်လိုက်လံရှာဖွေနေသည်ဟု သိရသည်။
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တားဆီးထားသဖြင့် အင်ဂျန်းယန်မှ စစ်ရှောင်များယနေ့ည တန်ဖရဲတွင် ညအိပ်မည်
အင်ဂျန်းယန်မြို့နယ်မှ စစ်ပြေးပြည်သူများသည် မြစ်ကြီးနားရှိ စစ်ရှောင်စခန်းသို့ လာရောက်တိမ်းရှောင်လိုသော်လည်း မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တားဆီးပိတ်ပင်ထားသဖြင့် ယနေ့ည တန်ဖရဲတွင် ညအိပ်ရမည်ဟု သိရသည်။
ပူတာအိုတွင် မတရားဖမ်းဆီးခံရသည့် ကိုနန်ဆိန်စိုင်းလင်းအောင်ကို ယခုလ ၂၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်
စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ဆန္ဒပြနေချိန် မှတ်တမ်းဗွီဒီယိုရိုက်ကူးသည်ဟုဆိုကာ စစ်ကောင်စီတပ်ဖွဲ့များက ဖမ်းဆီးခံရသော ကိုနန်ဆိန်စိုင်းလင်းအောင်ကို မတ်၂၃ ရက်နေ့တွင် ရုံးထုတ်စစ်ဆေးမည်ဟု သိရသည်။