ဝန်ထမ်းယောင်ဆောင်ပြီး သပိတ်စစ်ကြောင်းတွင်ပါဝင်လာသူတစ်ဦးကို ဆန္ဒပြသူများ စစ်ဆေးဖယ်ရှား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ယနေ့ (ဖေဖော်ဝါရီလ ၁၈ ရက်) တွင်ပြုလုပ်ခဲ့သည့် သပိတ်စစ်ကြောင်းတစ်ခုအတွင်း မင်္သကာဖွယ်ရာ အမျိုးသားတစ်ဦး ဝင်လာသဖြင့် ဆန္ဒပြသူများက စစ်ဆေးခဲ့သည်ဟုသိရသည်။

ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲအုပ်ကို ပစ်စာပေးပို့

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အုပ်ချုပ်ရေးမှူးဦးထွန်းထွန်းနှင့် ဝိုင်းမော်ရဲအုပ်ဦးကျော်ဆန်းဝင်းထံလိပ်မူပြီး မတ်လ ၁၁ ရက်နေ့တွင် KIA တပ်ဖွဲ့မှ ပစ်စာတစ်စောင် ပေးပို့ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်

ဆန္ဒပြရာတွင်မပါဝင်သည့်ကွမ်းယာသည်ကို စစ်တပ်ဖမ်းဆီး

မြစ်ကြီးနားမြို့ ကျောက်စိမ်းအဝိုင်းပတ်လည်တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင် ဆန္ဒ​ေဖာ်ထုတ်သူများကို ရဲတပ်ဖွဲ့ နဲ့ စစ်တပ်မှဆန္ဒပြသူတွေကို လာရောက်ဖြိုခွဲစဉ် ဆွမ်ပရာဘွမ်လမ်းမကြီးဘေး၌ ကွမ်းယာရောင်းသူတစ်ဦးကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်တပ်မှ...

ရေအားလျှပ်စစ်စီမံကိန်းများ ဆက်လုပ်ရန် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိှုင်ပြော၊ မြစ်ဆုံစီမံကိန်းကို ဆက်လုပ်ပါက ကန့်ကွက်မည်ဟု ဒေသခံများဆို

မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် စီမံကိန်းများ ဆက်လက်လုပ်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လိှုင်က ဖေဖော်ဝါရီလ ၁၅ ရက်တွင်ပြုလုပ်ခဲ့သည့်အစည်းအဝေးတွင် ညွှန်ကြားခဲ့သည်ဟု သိရသည်။

မန်ခိန်ရပ်ကွက် ဘူးဂါးလျှပ်စစ်ဝင်းတွင် စစ်သားများ ဆက်လက်နေရာယူထား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်ရှိ ဘူးဂါးလျှပ်စစ်ဓာတ်အားပေးစက်ရုံတွင် နေရာယူထားသည့် စစ်သားများထွက်ခွာရန် မန်ခိန်ဒေသခံများက ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညပိုင်းတွင် တောင်းဆိုခဲ့သော်လည်း စစ်သားများ ဆက်လက်နေရာယူထားသည်ဟု သိရသည်။

Civilian Disobedient Movement တွင်ပါဝင်သည့် ဝန်ထမ်းများကို ဖိနှိပ်မည့် ညွှန်ကြားချက် ကချင်ပြည်နယ်စီမံကောင်စီထုတ်ပြန်

ကချင်ပြည်နယ်အတွင်းရှိ Civilian Disobedient Movement တွင်ပါဝင်သည့် ဝန်ထမ်းများကို အရေးယူရန် ညွှန်ကြားသည့် စာတစ်စောင်ကို ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၂ ရက်နေ့ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ကချင်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌကို တပ်မတော်ဖမ်းဆီး

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ဥက္ကဋ္ဌ ဆရာမကြီးဒေါ်မေရီမီနန်ကို ဖေဖော်ဝါရီလ ၁၀ ရက်ညနေပိုင်းတွင် တပ်မတော်က လာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။

ရွှေကူမြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးကို အာဏာပိုင်များခေါ်ဆောင်သွား

ရွှေကူမြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲ၏ ဥက္ကဋ္ဌ ဆရာကြီးဒေါ်မမနှင့် အတွင်းရေးမှူးဒေါ်ဝင်းစန္ဒာတို့ကို ဖေဖော်ဝါရီလ ၁၀ ရက်၊ ည ၈ နာရီခန့်တွင် အာဏာပိုင်များက လာရောက်ခေါ်ဆောင်သွားသည်ဟု သိရသည်။