ဖားကန့်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို KIA သွားရောက်တိုက်ခိုက်

ကချင်လွတ်မြောက်ရေးတပ် (KIA) ပူးပေါင်းတပ်က ဖားကန့်မြို့နယ်၊ လုံခင်းကျေးရွာအုပ်စုရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ယနေ့နံနက် သုံးနာရီခန့်တွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။

မိုးမောက် ခ.မ.ရ (၄၃၇) မကျရေး လေကြောင်းဖြင့်အပြင်းအထန်ခုခံနေ၊ စခန်းကြီးတစ်ခုသာ ကျန်ရှိတော့ဟုဆို

မိုးမောက်မြို့မှ ခ.မ.ရ (၄၃၇) မကျရေးအတွက် စစ်ကောင်စီက ယမန်နေ့ညပိုင်းက လေကြောင်းဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ပြီး တပ်စခန်းပတ်လည်ရှိ ကာကင်းစခန်းအချို့ကို သိမ်းပိုက်ထားကြောင်း KIA စစ်ရေးသတင်းရင်းမြစ်များထံမှသိရသည်။

မြစ်ကြီးနားထောင်တွင်းဆူပူမှုနှင့်ပတ်သက်ပြီး အကျဉ်းသား ၁၃ ဦးကို ရုံးထုတ်ကာစွဲချက်တင်

မြစ်ကြီးနားအကျဉ်းထောင်တွင်းဆူပူမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးဆောင်ပါဝင်သည်ဟုစွပ်စွဲခံထားရသည့် အကျဉ်းသား ၁၃ ဦးကို ရာဇသတ်ကြီးဥပဒေပုဒ်မများဖြင့် ယနေ့ ရုံးထုတ်စွဲချက်တင်ခဲ့ကြောင်းသိရသည်။

တညင်းသီးကြောင့် ဖားကန့်တွင် ကလေးငယ်တစ်ဦးသေဆုံး

တညင်းသီးစားမှားသောကြောင့် ဖားကန့်မြို့နယ် ရှရော်ခကျေးရွာတွင် ယမန်နေ့ နံနက် ၁၁ နာရီခန့်က အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။

KIO ထိန်းချုပ်နယ်မြေဖြစ်သော တရုတ်-မြန်မာနယ်စပ်တစ်လျှောက်တွင် တရုတ်ကင်းထောက်လေယာဉ် မကြာခဏပျံဝဲနေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေဖြစ်သော တရုတ် – မြန်မာနယ်စပ်တစ်လျှောက်တွင် ဩဂုတ်လဆန်းပိုင်းမှစတင်ကာ တရုတ်ကင်းထောက်လေယာဉ်များ မကြာခဏပျံဝဲနေကြောင်း သိရသည်။

သတင်းအမှောင်ချထားခံရတဲ့ ကချင်ပြည်နယ်ရဲ့စစ်ရေး ဘယ်လိုလဲ

သတင်းဆောင်းပါး-ကောင်းထက်မြတ် လက်ရှိကမ္ဘာကြီးသည် အိုင်တီနည်းပညာခေတ်ဖြစ်သောကြောင့် သတင်းအချက်အလက်များအပြင် လူမှုစီးပွားရေးအတွက် ဆက်သွယ်ရေးနည်းပညာသည် ခေတ်စနစ်အရ မရှိမဖြစ်လိုအပ်နေသော အရာတစ်ခုဖြစ်သည်။ နိုင်ငံအများစုသည် အိုင်တီခေတ်တွင် နည်းပညာနှင့်ပတ်သက်ပြီး အပြိုင်အဆိုင်ကြိုးစားနေကြသော်လည်း စစ်အာဏာရှင်အုပ်ချုပ်နေသော မြန်မာနိုင်ငံတွင်...

မိုးမောက်တွင် တိုက်ပွဲဆက်လက်ပြင်းထန်၊ စစ်ကောင်စီတပ်က လေကြောင်းဖြင့် အပြင်းအထန်ခုခံနေ

မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီခြေမြန်တပ်ရင်း (ခ.မ.ရ) ၄၃၇ တပ်စခန်းကို KIA ပူးပေါင်းတပ်က လက်ရှိအချိန်ထိ ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်ပြီး တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က ကွတ်ခိုင်မြို့ကို ဗုံးကြဲတိုက်ခိုက်၊ အရပ်သားသုံးဦးသေဆုံးပြီး မြို့မဈေး မီးလောင်ပျက်စီး

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့တွင် ယနေ့ မွန်းလွှဲ သုံးနာရီခန့်က စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားသုံးဦးသေဆုံးခဲ့သည့်အပြင် ကွတ်ခိုင်မြို့မဈေး မီးလောင်ပျက်စီးသွားကြောင်း သိရသည်။ ကွတ်ခိုင်မြို့မဈေး၊ ရပ်ကွက် ၃...

စစ်ကောင်စီဖမ်းဆီးသွားသော သိက္ခာတော်ရဆရာ နှစ်ပတ်ကြာသည်အထိ လွတ်မြောက်လာခြင်းမရှိသေး

စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်က ဖမ်းဆီးသွားသည့် ဝိုင်းမော်မြို့နယ်၊ ဝူယန်ကျေးရွာမှ သိက္ခာတော်ရဆရာ မဒိန်ခေါ်ဘောမ်သည် နှစ်ပတ်ကျော်ကြာသည်အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်းသိရသည်။

မြစ်ကြီးနားမြို့အထက်ဘက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအဖွဲ့လိုက် ဝင်ရောက်တပ်စွဲနေ

မြစ်ကြီးနားမြို့နယ်၊ နောင်နန်းကျေးရွာအုပ်စုရှိ ဒေသခံပြည်သူများ၏ နေအိမ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝင်ရောက်တပ်စွဲနေထိုင်နေပြီး လမ်းဘေးတစ်လျှောက်တွင်လည်း လုံခြုံရေးယူထားကြောင်းသိရသည်။

တီယန်ဇွပ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို KIA သိမ်းပိုက်

မြစ်ကြီးနား – ပူတာအိုလမ်းရှိ တီယန်ဇွပ်ကျေးရွာ စစ်ကောင်စီတပ်စခန်းများကို ယနေ့နံနက် ရှစ်နာရီခွဲခန့်တွင် KIA တပ်က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်းသိရသည်။