ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ကျေးရွာရှိ လပ်ကီးမဲန်းဟိုတယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၇ ရက်နေ့မှ အောက်တိုဘာ ၈ ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ကျည်ထိမှန်သေဆုံးနေသည့် ရုပ်အလောင်းများကို ရိုက်ကူးထားသည့် ရုပ်သံတစ်ခုထွက်ပေါ်ခဲ့ပြီးနောက် ယမန်နေ့က အဆိုပါနေရာတွင် ဦးခေါင်းခွံနှင့် အရိုးစုများအဖြစ် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

သေဆုံးခဲ့သူများမှာ မည်သူမည်ဝါဖြစ်သည်ကို The 74 Media က အတည်ပြုနိုင်ခြင်းမရှိသေးပါ။

 

သင့်ထင်မြင်ချက်ရေးပေးပါ