တရုတ်နယ်စပ်ရှိ ကံပိုက်တည်မြို့စောင့်တပ် အမှတ် ၁၀၀၃ တပ်ရင်းဌာနချုပ်ကို KIA ပူးပေါင်းတပ်က ယမန်‌နေ့ အောက်တိုဘာ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

ဆဒုံးမြို့နဲ့ ကံပိုက်တည်မြို့ကြား စင်ကြိုင်ကျေးရွာရှိ တပ်စခန်းဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့မှစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
၁၀၀၃ တပ်ရင်းဌာနချုပ်ရဲ့ ကာကင်းစခန်းဖြစ်တဲ့ ထမ်မိုခမ်းစခန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့က KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဖြစ်သည်။
https://youtube.com/shorts/rYmeZ_lzsfA
သင့်ထင်မြင်ချက်ရေးပေးပါ